၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် Core Banking and Trade Finance System အတွက် Hardware များဝယ်ယူရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအား မြန်မာကျပ်ငွေဖြင့် တင်ဒါတင်သွင်းလျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံရောင်းချမည့်ရက် - ၁-၁၁-၂၀၂၁ ရက်
တင်ဒါပိတ်မည့်ရက် - ၃၀-၁၁-၂၀၂၁ ရက်
၃။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ လိပ်စာ၌ ရုံးချိန်အတွင်း လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်-
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
အမှတ် (၈၀/၈၆)၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း -၀၁-၃၈၅၀၃၅၊ ၀၉-၅၀၈၂၃၃၄၊ ၀၉-၂၅၀၂၇၄၉၆၅