နိုင်ငံတကာဆက်ဆံရေးနှင့်အဆက်အသွယ်ဘဏ်များဌာနစိပ်၏ အဓိကဆောင်ရွက်လျက်ရှိသော လုပ်ငန်းဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- နိုင်ငံတကာဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ကမ္ဘာတဝှမ်း၌ အဆက်အသွယ်ဘဏ်များတည်ထောင်ခြင်းကို ဆောင်ရွက်ပါသည်။
- ပြည်ပနိုင်ငံများတွင် နိုင်ငံတကာဘဏ်လုပ်ငန်းဆောင်ရွက်မှု၊ ငွေပေးချေမှု ငွေလက်ခံ မှုများအဆင်ပြေစေရေး နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ခြင်းနှင့် စီမံခန့်ခွဲခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။
- နေ့စဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) အပေါ် အခြေခံ၍ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ နေ့စဉ်ငွေလဲလှယ်နှုန်း (Daily Exchange Rate) အား ထုတ်ပြန်ပေးပါသည်။ အဆိုပါ Daily Exchange Rate အား မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် စာရင်းဖွင့်လှစ်ထားရှိသည့် Customer များ၏ နိုင်ငံခြား ငွေအရောင်းအဝယ် ပြုလုပ်ရာ၌ လည်းကောင်း ၊ သွင်းကုန်၊ ပို့ကုန်၊ ငွေလွှဲခြင်း၊ ငွေသား ထုတ်ယူခြင်း၊ P.O ထုတ်ပေးခြင်း၊ ချေးငွေနှင့် ဘဏ်အာမခံကိစ္စရပ်များ၌လည်းကောင်း အသုံးပြု လျက်ရှိပါသည်။
- ဘဏ်၏ ဝင်ငွေတိုးတက်မှုရရှိစေရန်အတွက် နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
Nov 29 2024