စာရင်းပိုင်ရှင်၏ နိုင်ငံခြားငွေစာရင်းမှ ATM A/C သို့ စာရင်းပြောင်းရွေ့ခြင်းအတွက် တင်ပြရမည့် စာရွက်စာတမ်း များအား သိလိုပါသည်။
- ဘဏ်စရိတ်အဖြစ် တစ်ကြိမ်လျှင် USD 2/- ကောက်ခံပါသည်။
(ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ပါက ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏မှတ်ပုံတင်မိတ္တူပါပူးတွဲတင်ပြ ရပါမည်။)
ငွေသားထုတ်ယူခြင်းနှင့်စာရင်းပြောင်းခြင်းတို့အတွက် တင်ပြရမည့်စာရွက်စာတမ်းများအား သိလိုပါသည်။
စာရင်းရှင် (နိုင်ငံသား) ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား သိလိုပါသည်။
စာရင်းရှင်(နိုင်ငံသား)ဌာနတွင် နိုင်ငံသားလူပုဂ္ဂိုလ်တစ်ဦးချင်း၏ USD, EUR, SGD စာရင်းများ ဖွင့်လှစ်၍ ငွေသွင်းငွေထုတ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ငွေသွင်းငွေထုတ်ခြင်းများအား
D/A (or) D/P ဝန်ဆောင်မှုများ ရနိုင်ပါသလား၊ ဘဏ်စရိတ်များကို ဘယ်လို ကောက်ခံပါသလဲ
D/A (or) D/P ဝန်ဆောင်မှုများ ရနိုင်ပါသည်။
ဘဏ်စရိတ်များကို အောက်ပါ အတိုင်း ကောက်ခံပါသည် -
- Bill တန်ဘိုး၏ 0.5% နှင့် ညီမျှသော ကျပ်
- Due Accept Commission USD 50/- နှင့် ညီမျှသော ကျပ်
ဘီလ် လက်ခံဆောင်ရွက်ခြင်းအတွက် ဘဏ်စရိတ်များကို ဘယ်လို ကောက်ခံပါသလဲ
ဘီလ် လက်ခံဆောင်ရွက်ခြင်းအတွက် ဘဏ်စရိတ်များကို အောက်ပါအတိုင်း ကောက်ခံပါသည် -
- Bill Handling Commission - USD 75/- နှင့် ညီမျှသော ကျပ်
- ကွဲလွဲချက် အတွက် ကောက်ခံခြင်း - USD 50/- နှင့် ညီမျှသော ကျပ်
သွင်းကုန်ဘီလ် ထုတ်ယူမည်ဆိုပါက မည်သည့်စာရွက်စာတမ်းတွေ လိုအပ်ပါသလဲ။
သွင်းကုန်ဘီလ် ထုတ်ယူမည်ဆိုပါက အောက်ပါ စာရွက်စာတမ်းများ လိုအပ်ပါသည် -
- ဘီလ် ထုတ်ယူခွင့် လျှောက်လွှာ
- သွင်းကုန်လိုင်စင်
- ဘဏ်ကော်မရှင်၊ ဘဏ်စရိတ်များကို ကုမ္ပဏီ စာရင်းမှ နှုတ်ယူခွင့်ပြုသည့် အကြောင်းကြားစာ
- LI Form
L/C ဖွင့်လှစ်ခြင်းအတွက် ဘဏ်စရိတ်များကို မည်သို့ ကောက်ခံပါသနည်း။
L/C ဖွင့်လှစ်ခြင်းအတွက် ဘဏ်စရိတ်များကို အောက်ပါအတိုင်း ကောက်ခံပါသည်-
L/C တန်ဖိုး၏ 1/4% per (3) months နှင့် ညီမျှသော ကျပ်
Minimum – USD 50/-
Maximum – USD 1500/-
- L/C ပြင်ဆင်ချက်များ အတွက် - USD 50/- နှင့် ညီမျှသော ကျပ်
- L/C သက်တမ်း တိုးခြင်း အတွက် - L/C လက်ကျန် တန်ဖိုး၏
1/4% per (3) months နှင့် ညီမျှသော ကျပ်
- L/C ပယ်ဖျက်ခြင်းများ အတွက် - USD 30/- နှင့် ညီမျှသော ကျပ်
သွင်းကုန်ငွေလွှဲစာတမ်း ဖွင့်လှစ်မည်ဆိုပါက မည်သည့် စာရွက်စာတမ်းတွေ လိုအပ်ပါသနည်း။
သွင်းကုန်ငွေလွှဲစာတမ်း ဖွင့်လှစ်မည်ဆိုပါက အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည် -
ဝန်ဆောင်မှု နှုန်းထားများ
ငွေလွှဲလုပ်ငန်းအနေဖြင့် ငွေလွှဲအဝင်ဘဏ်ဝန်ဆောင်စရိတ်ကို Transaction တစ်ကြောင်းချင်းစီအလိုက် USD 15 သာ ကောက်ခံရာတွင် လွှဲပို့ငွေမှသော်လည်းကောင်း၊ စာရင်းဖွင့်
လှစ်ထားသည့် A/C မှ သော်လည်းကောင်း၊ USD 15 နှင့် ညီမျှသော မြန်မာ ကျပ်ငွေဖြင့်လည်းကောင်း Customer ၏ သဘော တူညီမှုအတိုင်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ရင်းနှီးမြုပ်နှံမှု လွှဲပို့ငွေများတွက် လိုအပ်သော စာရွက်စာတမ်းများ
လိုအပ်သည့် စာရွက်စာတမ်းများမှာ ITTP Form၊ ကုမ္ပဏီ letter head ဖြင့် လျှောက်လွှာ၊ MIC Permit/ DICA Permit၊ ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ၊ Myco company profile မိတ္တူ။
ကုန်သွယ်မှု မဟုတ်သော လုပ်ငန်းများအတွက် လိုအပ်သောစာရွက်စာတမ်းများ
လိုအပ်သည့် စာရွက် စာတမ်းများမှာ ITTP Form၊ ကုမ္ပဏီ letter head ဖြင့် လျှောက်လွှာ၊ ပို့ကုန် လိုင်စင် မိတ္တူ (လိုအပ်ပါက)၊ ငွေတောင်းခံလွှာ (Invoice) ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ၊ Myco company profile မိတ္တူ။
ကုန်သွယ်မှုလုပ်ငန်းများအတွက် လိုအပ်သော စာရွက်စာတမ်းများ
လိုအပ်သည့် စာရွက်စာတမ်းများမှာ ITTP Form၊ ကုမ္ပဏီ letter head ဖြင့် လျှောက်လွှာ၊ ပို့ကုန်လိုင်စင်မိတ္တူ (လိုအပ်ပါက)၊ ပို့ကုန် ကြေညာလွှာ(ED)၊ ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ Myco company profile မိတ္တူ။
ပို့ကုန်လုပ်ငန်းဆောင်ရွက်မှုများအတွက် ဘဏ်စရိတ်နှုန်းထားများကို မည်မျှကောက်ခံပါသနည်း။
ပို့ကုန်လုပ်ငန်း ဆောင်ရွက်မှုများအတွက် ဘဏ်စရိတ်နှုန်းထားများမှာ -
- ပို့ကုန် ငွေလွှဲ စာတမ်း အကြောင်းကြားခြင်း USD 30 (သို့) ညီမျှသောကျပ်
- ပို့ကုန် ငွေလွှဲ စာတမ်း ပြင်ဆင်ခြင်း USD 25 (သို့) ညီမျှသော ကျပ်
- ပို့ကုန် ငွေလွှဲ စာတမ်း ပယ်ဖျက်ခြင်း USD 25 (သို့) ညီမျှသော ကျပ်
- ပို့ကုန်ဖိုး ငွေ တောင်းခံခြင်း အတွက် ပို့ကုန် တန်ဖိုး၏ 1/4 % နှင့် ( Bill Handing Commission ) အနည်းဆုံး USD50/- (သို့) ညီမျှသော ကျပ်၊ အများဆုံး USD 1000/- (သို့) ညီမျှသော ကျပ်
ပို့ကုန်ဖိုးငွေတောင်းခံရန် မည်သည့်စာရွက်စာတမ်းများ တင်ပြရပါသနည်း။
ပို့ကုန်ဖိုး ငွေတောင်းခံရန် လိုအပ်သော စာရွက်စာတမ်းများမှာ -
(က) ကုမ္ပဏီ Letter Head လျှောက်လွှာ
(ခ) ပို့ကုန်ကြေငြာလွှာ
(ဂ) သင်္ဘောတင် အထောက်အထား စာရွက်စာတမ်း
(ဃ) ငွေတောင်းခံလွှာ
(င) ပို့ကုန် ငွေလွှဲ စာတမ်းတွင် တောင်းဆိုထားသည့် စာရွက် စာတမ်းများ
ပို့ကုန် ငွေလွှဲစာတမ်း ထုတ်ယူရာတွင် မည်သည့်စာရွက်စာတမ်းများ တင်ပြရပါသလဲ။
ပို့ကုန် လုပ်ငန်းရှင်မှ ပို့ကုန်ငွေလွှဲစာတမ်း ထုတ်ယူရာတွင် လိုအပ်သောစာရွက်စာတမ်းများမှာ -
(က) ကုမ္ပဏီ Letter Head ဖြင့် L/C ထုတ်ယူခွင့် လျှောက်လွှာ
(ခ) MyCo ဖြင့် ဆောင်ရွက်ထားသော Company Registration Certificate
(ဂ) MyCo ဖြင့် ဆောင်ရွက်ထားသော Company Profile
(ဃ) ပို့ကုန် လိုင်စင်မိတ္တူ
(င) ကုန်သွယ်ရေး ဉီးစီးဌာနမှ ထုတ်ပေးသော ပို့ကုန် လိုင်စင်(သို့မဟုတ်) ပို့ကုန် လိုင်စင် ကင်းလွတ်ခွင့် အထောက်အထား မိတ္တူ
(စ) ဘဏ်စာအုပ် မိတ္တူ